“ ရွာအုပ်ချုပ်ရေးမှူးပါဝင်သောလူကုန်ကူးမှု
မမှန်မကန်တိုင်ကြားကြောင်း တာဝန်ရှိသူမှပြောဆို”
16 နိုဝင်ဘာ
( မြိတ်)
မြိတ်မြို့နယ်အတွင်းရှိကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးတိုက်ရိုက်ပါဝင်ပတ်သက်သည်ဆိုသောရွာသား
(၂၀) လူကုန်ကူးမှုမှာ-မမှန်မကန်တိုင်ကြားထားကြောင်းကို ၄င်းတို့သွားရောက်လုပ်ကိုင်သည့် M.S.P.P ဆီအုန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ခုလိုပြောပြပါသည်၊၊
“ လွန်ခဲ့တဲ့
သြဂုတ်လ (၁၀) ရက်နေ့က ကျွန်တော်တို့ ကုမ္ပဏီအတွက် အလုပ်သမားလိုအပ်လို့ မြိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး
ကိုသောင်းအေးဆီိကိုကမ်းလှမ်းတယ်၊ (၁၁)ရက်နေ့မှာမိန်းမ (၉)ဦးနှင့်ယောကျာ်း(၁၁)ဦးရတယ်လို့
ပြန်ပြီးအကြောင်းပြန်တယ်…..(၁၂)ရက်နေ့မှာအဲဒီအလုပ်ကို ၀င်ရောက်လုပ်ကိုင်မယ့်လူတွေကိုစရံငွေတစ်ယောက်ကို
(၂) သောင်းစီထုတ်ပေးတယ်…အုပ်ချုပ်ရေးမှူးရုံး၌ သူတို့မိသားစုတွေရဲ့ရှေ့တွင်ပင် ပေးလိုက်တာပါ”
ဟုကိုအောင်မင်းသူပြောပါသည်၊၊ တိုနေ့၌ပင်လုပ်ငန်းခွင်ရှိရာတညက်နန်းတော်ရာရွာသို့ခေါ်ဆောင်ခဲ့ကြောင်းနှင့်
အဆိုပါနေရာသို့သွားရန်ကျွဲကူးဆိပ်ကမ်းမှတညက်စွန်ချောင်းသို့ လှေနှင့်(၄၅)မိနစ်ခန့်မောင်းရပြီး
၊စွန်ချောင်းမှလုပ်ငန်းခွင်ရှိရာနန်းတော်ရာရွာသို့ ကားနှင့် (၂ ) နာရီမောင်းရကြောင်း၊
နွေရာသီဆိုလျှင် (၁)နာရီခွဲခန့် သာမောင်းရကြောင်းကားမောင်းသူကိုညို ကပြောပါသည်။
“တာလပတ်နဲ့အုပ်ပြီးခေါ်သွားရတယ်…အဲဒီနေ့ကမိုးကအရမ်းရွာနေတာလေ…ဆန်နှင့်ရိက္ခာတွေအကုန်လုံးမိုးစိုကုန်မှာပေါ့"….. လုပ်ငန်းခွင်ရောက်သည်နဲ့ ယောကျာ်း၊မိန်းမတစ်ဆောင်ဆီခွဲထားလိုက်ကြောင်း၊
တိုနေရာ ၌ နန်းတော်ရာရွာကကရင်အလုပ်သမားအုပ်စုနှင့် တညက်ရွာကမူဆလင် အလုပ်သမားအုပ်စုတို့
လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနှင့် အလုပ်လုပ်ကိုင်နေကြကြောင်းပြောပါသည်။
“ သြဂုတ်လ
(၁၄)ရက်နှင့်(၁၅)ရက်ကမူဆလင် တွေရဲ့ ဥပုတ်လ ၀ါကျွက်အီနေ့လေ…………….အဲဒီအတွက်မူဆလင်တွေကိုရွာပြန်ဖို့
ခွင့် (၄)ရက်ပေးလိုက်တယ်…အဲဒီလူတွေသွားပြီးနာရီပိုင်းအတွင်းမှာပဲသူတို့အလုပ်မလုပ်ချင်တော့ဘူးဆိုပြီးအထုတ်ကိုယ်စီထမ်းပြီးထွက်လိုက်ကြတယ်……….မစ္စတာချန်း
ကျွန်တော့်ဆီဖုန်းဆက်ပြီးပြောတော့ ကျွန်တော်က မြိတ်တောင်ကျေးရွာရာအိမ်မှူး ကိုသန်းလှိုင်ကိုခေါ်ပြီးဝင်လိုက်သွားတယ်….ဖြန်ဖြေခိုင်းဖို့ပေါ့” တိုသို့ ၀င်လိုက်သွားရာတွင် လမ်း၌သူတို့အုပ်စုနှင့်ဆုံမိပြီးအလုပ်ပြန်လုပ်ကြရန်
ဖြန်ဖြေသော်လည်း၊ ရွာနှင့်ဝေးသည်ဟုတ်အကြောင်းပြ၍ ငြင်းဆန်နေသောကြောင့် မိမိကိုယ်တိုင်
ကားနှင့်ခေါ်ဆောင်လာပြီးအုပ်ချုပ်ရေးမှူး ကိုသောင်းအေးဆီပြန်လည် အပ်နှံခဲ့ကြောင်း ၊
ကိုအောင်မင်းသူကပြောပြပါသည်။
“ဟိုမှာကျန်ခဲ့တာကသူတို့ချည်းမဟုတ်ဘူး၊
ကရင် အလုပ်သမား (၃၀) လောက်လည်းရှိနေတာပဲ၊ လမ်းမှာ K.N.U တပ်မဟာ (၄) က ဗိုလ်ချာတိတ်နှင့်တွေ့တယ်ဆိုတာကလည်း
ဖြစ်နိုင်တာပဲ ၊ဒီအနီးအနားကရွာတွေအားလုံးကိုကကရင်ရွာတွေလေ ကျွန်တော်တို့ကုမ္ပဏီနှင့်
လေးငါးခြောက်မိုင် အကွာလောက်မှာလည်းဗမာအမြောက်တပ်ရင်းတစ်ခုရှိတာပဲ…K.N.Uနဲ့က ငြိမ်းချမ်းရေးယူထားတော့
လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်နေမှာပေါ့ …..”
သူတို့ပြောသောနယ်စပ်ဆိုသည်မှာ
မြိတ်မြို့နယ်နှင့် တနသာင်္ရီမြို့နယ် အစပ်ဖြစ်ကြောင်း ၄င်းတို့ကုမ္ပဏီလည်း တိုနေရာ၌လုပ်ကိုင်နေကြောင်း.
ထိုကိစ္စနှင့်ပတ်သက်၍သက်ဆိုင်ရာကရွာအုပ်ချုပ်ရေးမှူးကိုရောမိမိတို့ကိုပါ ခေါ်ယူမေးမြန်းစစ်ဆေးပြီး
ဖြစ်ကြောင်း၊ အလုပ်သမားများထဲမှ ခေါင်းဆောင်တစ်ယောက်ကမကျေနပ်နိုင်သေးဘဲ နိုင်ငံရေးအဖွဲ့အစည်းတွေကို
လျှောက်တိုင်နေခြင်းဖြစ်ကြောင်းပြောပြ၍” ဘယ်အဖွဲ့အစည်းမဆို ကျွန်တော့်ကို
ပွင့်ပွင့်လင်းလင်း မေးမြန်းစုံစမ်းနိုင်ပါတယ်….ကျွန်တော့မှာ သူတို့နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားအပြည့်အစုံရှိပါတယ်ဗျာ….”
မန်နေဂျာကိုအောင်မင်းသူက ပြောပါသည်၊၊
၎င်းကိစ္စနှင့်ပတ်သက်ပြီး
မြိတ်တောင်နယ်မြေ NLD ပါတီမှ လူကုန်ကူးမှုကို လိုက်လံဆောင်ရွက်ပေးနေသူ ဦးစိုးလွင်
အား မေးကြည့်ရာ ၄င်းက “ဒီကိစ္စက လွန်ခဲ့တဲ့(၃)လလောက်ကတည်းက ကျွန်တော်တို့ဆီကို လာတိုင်တယ်
ကျွန်တော်က ဂျာနယ်လစ်တစ်ယောက်နဲ့လေ့လာသူတွေကို ဖိတ်ခေါ်ပြီး သူတို့တိုင်ကြားချက်တွေကို
မှတ်တမ်းတင် သတင်းယူခိုင်းခဲ့တယ်…သူတို့ပြောဆိုချက်တွေနဲ့ နယ်မြေအနေအထားက ချိတ်ဆက်မမိဘူး
ကွာဟချက်တွေ တစ်လေရှိနေတယ်…ပြီးတော့သူတို့အဓိကဦးတည်ပြောနေတာက “ကုပ္မဏီက လျှော်ကြေးမလိုချင်ဘူး
ကျွန်မတို့ကို ထည့်လွတ်လိုက်တဲ့ ဦးသောင်းအေး(ရွာအုပ်ချုပ်ရေးမှူး) ပြုတ်သွားရင်ကျေနပ်ပါပြီ”
တဲ့ ကျွန်တော်တို့က ပုဂ္ဂ္ဂ္ဂိုလ်ရေးအရ ရာထူးပြုတ်သွားအောင် မီဒီယာနဲ့ တိုက်ခိုက်တဲ့ အဖွဲ့အစည်း
မဟတ်ဘူး အဖြစ်မှန်ပေါ်ပေါက်ရေးကိုပဲ ဗဟိုပြုပြီးစဉ်းစားဆောင်ရွက်ရမှာပါ..တွေ့ဆုံပွဲပြီးတော့
ဒါဟာ လူကုန်ကူးမှု အမှန်အကန်မဟုတ်နိုင်ဘူး နောက်ကွယ်က ရည်ရွယ်ချက် ရှိရှိနဲ့စေခိုင်းနေတဲ့
တစ်စုံတစ်ယောက်ရှိနေနိုင်တယ်လို့ အားလုံးက ကောက်ချက်ဆွဲကြတယ်..ဒါကြောင့်သက်ဆိုင်ရာကို
ထပ်ပြီး တိုင်ကြပါလို့ပြောပြီး..ဒီကိစ္စကို ခဏစောင့်ကြည့်နေလိုက်တယ်..ဟု မြိတ် NLD ပါတီမှ
ဦးစိုးလွင်က ပြောပါသည်၊၊
အဆိုပါ ကုမ္ပဏီသည်
Myanmar Stork Prestige Plantation ဟုခေါ်သော ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး
ယ္ခုအခါ မလေးရှား၊ အင်ဒိုနီးရှား၊သြစတြေးရီးယား၊ပါပူဝါ နယူးဂီနီနှင့် မြန်မာနိုင်ငံတို့တွင်
စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်းသိရသည်။
(တနင်္ဂနွေသား (မြိတ်))
No comments:
Post a Comment