မြိတ်၊ ဒီဇင်ဘာ
၁၈.
။ ။ လာမည့်ဒီဇင်ဘာ(၂၂ ) ရက်နေ့ ၌ ရောက်လာမည့်
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဧ။် မြိတ် ၊ကော့သောင်း၊ကံမော် ခရီးစဉ်လုံခြုံရေးအတွက်
တာဝန်ပေးအပ် ပွဲအစည်းအဝေး တစ်ရပ်ကို မြိတ်မြို့ကို မြိတ်မြို့နယ် NLD ရုံး ၌ကျင်းပခဲ့ပါသည်။
၎င်းအစည်းအဝေး ၌ရပ်ကွက်အလိုက်လုံခြုံရေးခေါင်းဆောင်များကိုရွေးချယ်တင်မြောက်ခဲ့ကြပြီး
ညနေ(၃)နာရီခွဲခန့်တွင် အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြသည်။..သို့သော် ၄င်းအစည်းအဝေးဆုံးဖြတ်ချက်ကိုမကျေနပ်သူ
မြိတ်တောင်နယ်မြေ NLD မှ ကိုကျော်စွာဝင်း က မိမိအား လုံခြုံရေးခေါင်းဆောင် အဖြစ် မရွေး ချယ်သော ကြောင့်မကျေမနပ် ဖြစ်ကာ
မြိတ်တောင် NLD ရုံးရှေ့တွင် ဆဲဆိုကြိမ်းမောင်း ခဲ့ကြောင်း ကို NLD အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါသည်။
“ ကျော်စွာဝင်းက ရုံးရှေ့ကိုလာပြီးတော့ ဆဲတယ်..ဥက္ကဌ
လဲ လီး ပဲ… အမှုဆောင် (၁၁) ဦးလည်းလီးပဲ…မင်းတို့ NLD တစ်ဖွဲ့လုံးလီးပဲ မှတ်တယ်လို့အော်ကြီးဟစ်ကျယ်ဆဲသွားတယ်.”.ရုံးမှာ
စာသင်နေတဲ့ကျောင်းသား (၃၀ ) လောက်ရှိတယ်..ကောင်းမလေးဆို ရှက်လွန်းလို့စာတောင် ပြီးအောင် ဆက်မသင်ကြတော့ဘူး..အားလုံး
ထွက်ပြေးကုန်ကြတယ်..ပတ်ဝန်းကျင်က လူတွေကလည်း ၀ိုင်ကြည့်နေကြတာ ရှက်စရာကြီးပါဗျာ..ရုံးဖွင့်ပြီးကတည်းက
ဒါပထမဆုံးကြိမ် အဖြစ်အစော်ကားခံရ တာပါ.NLD ရုံးကိုဆဲချင်တိုင်းဆဲလို့ရတယ်.စော်ကားချင်တိုင်းစော်ကားလို့ရတယ်လို့
လူထုက ထင်မြင်သွား ရင်တော့ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အားလုံးကို ဘယ်လိုလုပ်ပြီးပြည်သူတွေက
ယုံကြည်ထာက်ခံ ကြဦးမလဲဗျာ..အဲဒီကိစ္စကို ကျွန်တော်တို့အစီရင်ခံစာရေးပြီးအထက်ကို တိုင်ကြား ဖို့စီစဉ်နေပါပြီ..”
ဟု မြိတ်တောင်နယ်မြေ NLD ပါတီဝင်တစ်ဦးက ပြောကြားသွားပါသည်။ လက်ရှိ မြိတ်တောင်နယ်မြေ
ဥက္ကဌ မှာ ကျူရှင်ဆရာ ကိုဝဏ္ဏစိုး ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment