Wednesday, June 20, 2012

"မြို့သစ်ရပ် NLD ရုံး၌ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ '၆၇' နှစ်မြောက် မွေးနေ့ကျင်းပ"

၁၉ ဇွန် (မြိတ်)

        ၁၉.၆.၂၀၁၂ ရက် နေ့လည် (၁း၀၀) နာရီက မြို့သစ်ရပ် NLD ရုံး၌ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။ ယခင်မွေးနေ့ပွဲများကို ဦးစိုးလွင်အိမ်၌ ကျင်းပကြမြဲ ဖြစ်၍ ယနေ့မွေးနေ့ပွဲကိုမူ တရားဝင် ရုံးဖွင့်ပြီး ပထမဆုံးအကြိမ် ကျင်းပကြောင်းသိရသည်။ ၄င်းအခမ်းအနားတွင် ပထမဦးစွာ ခရိုင်တာဝန်ခံ ဦးစိုးလွင်မှ အမှာစကားပြောကြားပြီး ကိုအောင်ဆန်းဦး၊ ကိုကျော်စွာဝင်း၊ ကိုသိန်းဇော် တို့နှင့် အမျိုးသမီးခေါင်းဆောင် ဒေါ်သက်ထား၊ ဒေါ်ခင်ဝင်း တို့က မွေးနေ့ဂုဏ်ပြုကဗျာများ ရွတ်ဆိုကြပြီး ခရိုင်အောင်နိုင်ရေး အဖွဲ့ဝင်ဦးစိုးမြင့်မှ ကျေးဇူးတင်စကားကို ပြောကြားကာ နေ့လည် (၂း၃၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြပြီး တက်ရောက်လာသော အဖွဲ့ဝင် (၁၀၀)ခန့်အား လဖ္ဘက်ရည်နှင့် မုန့်များကို ဧည့်ခ့ကျွေးမွေးခဲ့ကြသည်။ ယင်းနေ့ နံနက်ပိုင်းကလည်း ဆရာတော်၊ သံဃာတော်များကို ပင့်ဆောင်ကာ ဆွမ်းနှင့် ၀တ္ထုပစ္စည်းများ ကပ်လှူခဲ့ကြပြီး "အမေစု" အတွက် မွေးနေ့ဆုမွန်ကောင်းများ တောင်းခဲ့ကြကြောင်းလည်း သိရပါသည်။ ထူးခြားချက် တစ်ရပ်မှာ မွေးနေ့ အခမ်းအနား စတင်ချိန်၌ တာဝန်ရှိသူ သတင်းတပ်ဖွဲ့ဝင်တစ်ယောက်မှ အနီးကပ်သတင်း ဓါတ်ပုံဝင်ယူစဉ် NLD အဖွဲ့ဝင် တစ်ဦးမှ ဟောက်ထုတ်လိုက်သောကြောင့် ထိုသတင်းတပ်ဖွဲ့ဝင် ပုဂ္ဂိုလ်ခမျှာ ခပ်လှမ်းလှမ်းမှ သတင်းယူရရှာပါသည်။ ထိုသို့ဟောက်ထုတ်နိုင်သော အခွင့်အာဏာ NLD ၌မရှိဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုပြုလုပ်နေသည်မှာ ပါတီအစည်းအဝေးမဟုတ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့မင်္ဂလာ အခါတော် ယူနေသော အချိန်ဖြစ်သောကြောင့်ပင် ... ။

တနင်္ဂနွေသား (မြိတ်)

No comments:

Post a Comment