Sunday, March 4, 2012

မြိတ် NLD အဖွဲ့က ကလေးကစားစရာ လျှောက်လွှာပုံစံများ ရိက်နှိပ်ဝေငှ

          ၂၈.၂.၂၀၁၂ ရက်နေ့က မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်ခွင့်လျှောက်လွှာပုံစံကို အများအပြားရိုက်နှိပ် ထုတ်ဝေလိုက်ပြီး ပါတီဝင်ချင်သူ ဒေသခံများအား လိုက်လံဝေငှခဲ့ကြောင်း သတင်းရရှိသည်။ ၄င်းသတင်းနှင့် ပတ်သက်ပြီး NLD ပါတီအား အစဉ်တစ်စိုက်ထောက်ခံအားပေးခဲ့သူ တစ်ဦးအား မေးမြန်းကြည့်ရာ ၄င်းက ခုလိုပြောပါသည်။
"မနေ့က အဲဒီလျှောက်လွှာတွေကို သူတို့ NLD အဖွဲ့က လျှောက်ဝေနေကြတယ် လို့သိရတယ် .. လျှောက်လျှာပုံစံက လက်တစ်ဝါးသာသာလေးပါ။ ခက်တာက လျှောက်လွှာမှာ အဖွဲ့အစည်း၊ ဘာပါတီ ဆိုတာ ရေးမထားတာပဲဗျ .. အဲဒီလို သေသေချာချာလည်း ရေးမထား၊ ပြီးတော့တာဝန်ခံဘယ်သူ ဘယ်ဝါလို့လည်း လက်မှတ်ထိုးမထားတဲ့ လျှောက်လွှာကို ဘယ်သူက သွားပြီး ကိုယ့်ဓါတ်ပုံကပ်ရဲ့ပါ့မလဲ .. ခင်ဗျား စဉ်းစားကြည့်လေ .. အချိန်ကလည်း ကြားဖြတ်ရွေးကောက်ပွဲ အတွက် တစ်လလောက်ပဲ ကျန်တဲ့ အချိန် ကျုပ်တို့က ကိုယ့်ဓါတ်ပုံတွေကပ် ကိုယ့်နာမည်တွေရေးပေးလိုက် ပြီးမှ အဲဒီ စားရင်းတွေ အကုန်လုံး ကြံ့ဖွံ့ပါတီထဲ ရောက်သွားရင် အားလုံးကိုယ်ကျိုးနည်းသွားနိုင်တယ်ဗျ .. ကုန်ကုန်ပြောမယ်ဗျာ .. စီးကရက် ကံစမ်းမဲ ကူပွန်တောင် သူ့ကုမ္ပဏီတံဆိပ် နဲ့ သူ့နံပါတ်နဲ့ သူလာတာဗျ .. ခုဟာက တစ်ကမ္ဘာလုံးက လေးစားရတဲ့ ပါတီကြီး တစ်ခုအနေနဲ့ ခုလို လုပ်တာကတော့ ရယ်စရာကြီးပေါ့ဗျာ .." ဟု ပြောဆိုသွားသလို .. NLD အဖွဲ့ဝင် ဟောင်းကြီးတစ်ဦး ကလည်း .. 
"အဲဒါကတော့ ဘယ်သူတွေရိုက်ထုတ်လိုက်တယ်ဆိုတာ ကျွန်တော်တို့ မသိရသေးဘူး ..တစ်ကယ်တမ်းတော့ အဖွဲ့ဝင်ပုံစံကို (ဗဟို)က ပို့ချလိုက်ပြီးသားပါ။ ပို့ချလိုက်တဲ့ ပုံစံကအောက်မှာ လက်ခံဖြတ်ပိုင်းလေးတွေပါတယ်။ ပြီးတော့ သူ့ကုတ်နံပါတ်နဲ့ သူလာတာဗျ .. မိတ္တူကူးယူခွင့်၊ အသစ်ရိုက်နှိပ်ခွင့် လုံဝမရှိဘူးဗျ .. လျှောက်လွှာပုံစံ ကုန်သွားရင်လည်း တာဝန်ခံက ယာယီမိန်းစာအုပ်မှာ စာရင်းသွင်းမှတ်တမ်းတင်ထားရုံပဲ ရှိတာ .. ခုလိုမျိုးလုပ်တာကတော့ ဗဟိုအဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်ကမ်း ကို တစ်မင်ချိုးဖောက်လိုက်တာပဲဗျ .. အဲဒါကို ကျွန်တော်တို့ စုံစမ်းပြီး ဗဟိုကို အကြောင်းကြားရတော့မှာပေါ့ဗျာ .. " ဟု ၄င်းကပြောသွားပါသည်။ ယင်းသို့ အထောက်အထားမဲ့ အပေါစားဆန်သော လျှောက်လွှာပုံစံများနဲ့ ပတ်သက်၍ မြို့ခံလူထုများ ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အထင်မြင်သေး ပြောဆိုဝေဖန်မှု တွေနဲ့ အတူ သံသယ မျက်လုံးများစွာနဲ့ သတိထားစောင့်ကြည့်နေကြကြောင်းပါဗျား ..
 
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့မှ ထုတ်ဝေသော လျှောက်လွှာပုံစံ

တနင်္ဂနွေသား(မြိတ်)

Sunday, February 26, 2012

ကျွန်းစု NLD အဖွဲ့နှင့် ကိုယ်စားလှယ်လောင်းတို့ ခွာပြဲပြီ

          ကျွန်းစု NLD အဖွဲ့နှင့် လာမဲ့ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံမည့် NLD လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီတို့သည် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့က ကျွန်းစုမြို့နယ် မဲအောင်နိုင်ရေး အတွက် ဘတ်ဂျက်ငွေအသုံးပြုရေး၊ NLD ရပ်/ကျေး ရုံးခွဲဖွင့်လှစ်ရေး တို့ကို မြို့သစ်ရပ်ရှိ ကိုနိုင်ဦးအိမ်၌ တွေ့ဆုံဆွေးနွေးကြရာ ၎င်းဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပဋ္ဋိပက္ခ များစွာ နဲ့ နောက်ဆုံးခွာပြဲ သွားခဲ့ကြောင်းကို ကျွန်းစုမြို့နယ် NLD ဥက္ကဌဦးဖိုးကြည်က ခုလိုပြောပါသည်။
"ဒေါ်တင်ရီက လွတ်တော်ကိုယ်စားလှယ်လောင်းရာထူးကိုပဲ အရူးအမူးဖြစ်နေပြီး နိုင်ငံရေးကို နားမလည်ဘူး၊ လုပ်လည်းမလုပ်တတ်ဘူး၊ ကျွန်တော်တို့တင်ပြဆွေးနွေးတာကိုလည်း လစ်လျှုရှုပြီး သူ့သဘောနဲ့သူ လုပ်ချင် သလိုလုပ်တယ်။ ကျွန်တော်တို့ကစည်းရုံးရေးအတွက် ငွေဘယ်ရွေ့ဘယ်မျှပေးပါလို့ဆိုပြီးသူ့ကို မတောင်း ဆိုဘူး၊ သူ့မှာလည်းငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေရှိမှာပါပဲ ဆိုတာကို ကျွန်တော်တို့ နားလည်တယ်။ ခုလည်းစည်းရုံးရေးကိစ္စတွေကို ကိုယ့်ဘာသာကိုယ်အိပ်စိုက်ပြီး လုပ်နေတာပဲ။ နိုင်ငံရေး လုပ်တယ် ဆိုကတည်းက အားလုံးကိုစွန့်လွတ်ထားပြီးသားပါ။ ခုတော့ဗျာ .. ဒေါ်တင်ရီက သူလွတ်တော် ကိုယ်စား လှယ်လောင်းပဲဆိုပြီး သူ့ကိုကြိုးကိုင်ထားတဲ့လူတွေ အားကိုးနဲ့ ကျွန်တော်တို့ကို ဂရုမစိုက် ဘူး။ ဘောင်ကျော် ပြီး ကျွန်တော်တို့အဖွဲ့ သိက္ခာကျအောင် တမင်တကာ ဖျက်လိုဖျက်ဆီး လိုက်လုပ်နေတယ်။ ပြောရရင်တော့ အများကြီးပဲဗျာ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ ပါတီ အတွက် ငဲ့ကွက်ပြီး မပြောတော့ ပါဘူး။ ခုစခန်းသစ်ရွာရုံးဖွင့်မဲ့ဆိုင်းဘုတ်ကိုည်း အရှည်(၁၂)ပေခွဲလုပ်လို့ ကျွန်တော်က ခင်ဗျားဟာ (ဗဟို) ထက် ကြီးနေပြီ ဒါမျိုးလုပ်လို့မရဘူး ပြောတာကိုလည်း နားမထောင်ဘူး .. အတော်မွှေတဲ့မိန်းမပဲဗျာ .. မြိတ်မြို့ နယ်မှာလည်း နားမလည်ဘဲ သူတို့ အုပ်စု လျှောက်မွှေလို့ နှစ်ခြမ်း ကွဲသွားပြိ .. ကျွန်တော်တို့ ကျွန်းစုမှာတော့ ဒါမျိုးလုံးဝ အဖြစ်မခံနိုင်ဘူး .. ခုသူ့ကို ကျွန်တော်တို့ အုပ်စုက ရွေးကောင်ပွဲအောင်နိုင်ရေး အတွက် လုပ်မပေးနိုင်တော့ဘူး ဆိုတာကိုလည်း (ဗဟို)ကို အသိပေး အကြောင်းကြားလိုက်ပြီးပြီ။ သူပေး ထားတဲ့ ဖုန်းလည်းပြန်အပ်လိုက်ပြီ .. ဖုန်းဆိုင်ကို လည်းမှာထား တယ် ဒေါ်တင်ရီ ဆိုရင် ဖုန်းချလိုက်လို့ .. ပါတီအတွက်တော့ သိပ်ဝမ်းနည်းဖို့ကောင်းတာပဲဗျာ .. ဒါနဲ့ ပတ်သက်ပြီး ပါတီက ကျွန်တော်တို့အုပ်စုကို ထုတ်ပစ်ရင်လည်း မတတ်နိုင်ဘူး .. ကြားဖြတ်ရွေးကောက် ပွဲကို ဒေါ်တင်ရီအုပ်စုနဲ့ လုံဝတွဲလုပ်လို့ မရ တာကြောင့် လက်ရှောင်လိုက်တာ ဆိုပေမဲ့ (၂၀၁၅) ပါတီ အင်အား ခိုင်မာတောင့်တင်းရေးအတွက်တော့ ကျွန်တော်တို့ အုပ်စု စည်းရုံးရေးလုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ .. " ဟု ကျွန်းစုမြို့နယ် NLD ဥက္ကဌ ဦးဖိုးကြည် မှ ပြောဆိုသွားကြောင်း ပါဗျား .. ။

တနင်္ဂနွေသား

Saturday, February 18, 2012

တနင်္သာရီမြို့ NLD ရုံး လုဖွင့်ပွဲ

          တနင်္သာရီတိုင်း၊တနင်္သာရီမြို့ NLD ရုံးဖွင့်ပွဲကို ဖေဖေါ်ဝါရီ (၁၀)ရက်နေ့က အောင်မြင်စွာ ဖွင့်လှစ် လိုက်ပြီး ၄င်းအခမ်းအနားကို ဒေသခံမြို့သူမြို့သား လူထုအင်အား(၃၀၀)ကျော် တက်ရောက်ထောက်ခံ အားပေး ခဲ့ကြောင်းသိရသည်။ သို့ပါသော်လည်း ၄င်းရုံးကို ဒီချုပ်(ဗဟို)ညွှန်ကြားချက်နှင့်အညီဖွင့်လှစ်ခဲ့ခြင်း မဟုတ်ကြောင်းကို ၄င်းရုံးဖွင့်ပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲသူ NLD အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါသည်။
"ဖေဖေါ်ဝါရီ(၄)ရက်ညက ကိုအောင်စိုးက ဖုန်းဆက်တယ် .. ဖုန်းဆက်တဲ့အကြောင်းက ကိုအောင်စိုးနဲ့ ကိုစိုးလွင် နှစ်ယောက်ပေါင်းပြီး ဖေဖေါ်ဝါရီ(၂၄)ရက်မှာ တနင်္သာရီမြို့မှာရုံးဖွင့်မယ် .. ပြီးတော့(၂၆)ရက်မှာ ဘုတ်ပြင်းရုံး ဖွင့်မယ်လို့ သူက ညွှန်ကြားလိုက်တယ် .. အဲဒီညွှန်ကြားချက်ကို ဦးသန်းထွန်း (တိုင်းအောင်နိုင်ရေး အဖွဲ့ဝင်) က ကြားပြီးလူငယ်တာဝန်ခံ မင်းဇော်တင့်ကိုခေါ်တယ် .. မင်းဇော်တင့်ကို ခေါ်ပြီး(၅)ရက်နေ့မှာ တနင်္သာရီကို တက်ပြီးအိမ်တစ်ဆောင်ငှားလိုက်ကြတယ် ..အိမ်ကတနင်္သာရီမြို့ပြင်က မွန်စုရပ်ကွက်ထဲမှာပါ .. အဲဒီလိုသွားငှားလိုက်ကြောင်းကို ကျွန်တော်တို့ရဲ့ ဥက္ကဌကိုစိုးလွင်က မသိဘူးပေါ့ဗျာ ..(၆)ရက်နေ့စောစောမှာကိုစိုးလွင်တို့အုပ်စုက တနင်္သာရီကိုသွားမယ်လို့စီစဉ်မှ အဲဒီသတင်းကိုကြားတယ် .. ကြားကြားခြင်းပဲ ကိုစိုးလွင်က လူငယ်(ဒု)တာဝန်ခံ ဇာနည်ကို ကိုမင်းဇော်တင့်ဆီလွှတ်ပြီး တရားဝင် မေးခိုင်း တော့ မင်းဇော်တင့်က ဟုတ်မှန်ကြောင်းဝန်ခံတယ် .. အဲဒီတော့ကိုစိုးလွင်တို့အုပ်စုက ခရီးစဉ် ဖျက်သိမ်း ပြီးတိုင်းအတွင်းရေးမှူး ဖြစ်တဲ့ကိုအောင်စိုးဆီဖုန်းဆက်အကြောင်းကြားလိုက်တယ် .. ကိုအောင်စိုးက ခုလိုပုံစံမျိုးဆိုရင် ဦးစိုးလွင်တို့အုပ်စုမသွားပါနဲ့တော့လို့ပြန်တားလိုက်တယ် လို့သိရတယ် .. ခုရုံးကိုဦးစီးပြီး သွားဖွင့်တဲ့လူတွေက ဦးသန်းထွန်း၊မင်းဇော်တင့်၊ဒေါ်တင်ရီနှင့် အပေါင်းအပါတွေပေါ့ဗျာ .. ဘယ်သူဘယ်ဝါ ဘယ်ပါတီ ကပဲကြားကြား ဒီလို လုပ်ရပ်မျိုးကသိပ်ပြီးတော့ ရှက်စရာကောင်းတဲ့ လုပ်ရပ် တွေပါပဲ .. စစ်အစိုးရ အဖမ်းအဆီး ကာလတုန်းက ခုလိုမျိုးအသဲအသန်လုပြီး နိုင်ငံရေးဘာကြောင့် မလုပ် ကြတာ လည်းလို့ကျွန်တော့်အနေနဲ့မေးလိုက်ချင်ပါရဲ့ဗျာ .. ခုတော့မြိတ်၊ ကျွန်းစု၊ တနင်္သာရီ အဲဒီရုံးဖွင့်ပွဲ အားလုံးကို ခုလိုပုံစံမျိုး လုပ်သွားကြတာချည်းပဲ .. အဲဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်စုပြောပြောနေတဲ့ ဥပဒေ စိုးမိုးရေး၊ တရာမျှတရေး ဆိုတဲ့အရာတွေဟာ ကျွန်တော်တို့ NLD အဖွဲ့စည်းအထူးသဖြင့် မြိတ်အုပ်စုထဲမှာ မရှိတော့ ဘယ်လိုလုပ်ပြီး လူထုကိုစံပြလုပ်လို့ရမှာတဲ့လဲ? အဲဒါကတော့ သိပ်ဝမ်းနည်းဖို့ ကောင်းတဲ့ အခြေ အနေ တစ်ရပ်ပါပဲဗျာ ." ဟုသူကစိတ်ပျက်လက်ပျက်ရင်ဖွင့်သွားကြောင်းပါဗျား .. ။

Friday, February 10, 2012

မြိတ် NLD ရုံးဖွင့်ပွဲနှင့် တစ်ပတ်ရိုက်ခံရသော ကေဒါကြီးများ

21.1.2012 စနေနေ့ နေ့စွဲနှင့်မြိတ် NLD ရုံးဖွင့်ပွဲဖိတ်ကြားစာရလို့ ဖွင့်ပွဲအခမ်းအနားကို ကျွန်တော် ရောက် သွားတယ်။ ရာက်သွားပြီးသိပ်မကြာခင် နံနက် 8.30 မှာ၎င်းရုံးကိုအောင်မြင်စွာဖွင့်လှစ်လိုက်သော်လည်း လက်ရှိဦးဆောင်လှုပ်ရှားနေသူများ၏အခဏ်းကဏ္ဍနှင့်နာမည်ကြေငြာသံမကြားရသဖြင့် အကျိုးအကြောင်း စုံစမ်းကြည့်ရာ ၄င်းတို့မြို့နယ်စည်းတစ်ဖွဲ့လုံးနီးပါးကို တိုင်းဥက္ကဌဦးလှမင်း၊ လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီနှင့် အသစ်ဝင်လာသောငွေကြေးတတ်နိုင်သူအုပ်စုတို့ပူးပေါင်းတစ်ပတ်ရိုက်တာခံလိုက်ရကြောင်း NLD အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါသည်။ ဇန်န၀ါရီလ (၁၀)ရက်နေ့ ရက်စွဲနဲ့ ဗဟိုကချပေးလိုက်တဲ့ ကြေငြာ ချက် ၃/၀၁/၀၂ ကို မြို့နယ်စည်းလက်ထဲ (၂၀)ရက်နေ့ညကမှ ရောက်တယ်။ စာကထားဝယ် ရောက်နေတဲ့ ဦးလှမင်းလက်ထဲမှာ သောင်တင်နေတယ်။ (၂၁)ရက်ရုံးဖွင့်မဲ့အာဂျင်ဒါကိုလည်း ကျွန်တော်တို့ကိုအသိမပေး ဘဲဆွဲခဲ့တယ်။ကြေငြာချက်မှာရေးထားတာက လွတ်တော်ကိုယ်စားလှယ်လောင်း လစ်လပ်ခြင်းမရှိတဲ့ မြို့နယ်တွေမှာ မြို့နယ်စည်းအဖွဲ့ကဦးဆောင်ပြီး (ရုံး)ကိုဖွင့်လှစ်ရမှာဖြစ်ပြိးကိုယ်စားလှယ်လောင်း လစ်လပ်နေ တဲ့မြို့နယ်တွေမှာတော့မဲအောင်နိုင်ရေးအဖွဲ့ကဦးဆောင်ပြီးဖွင့်လှစ်ရမယ်လို့ရေးထားတယ်။ ခုမြိတ်မြို့နယ်က လစ်လပ်တဲ့နေရာမဟုတ်တော့မြို့နယ်စည်းအဖွဲ့ကဦးဆောင်ပြီးဖွင့်လှစ်ရမှာ ပေါ့ဗျာ။ ခုဟာကခင်ဗျား မြင်တဲ့ အတိုင်းပဲ .. အသစ်ဝင်လာတဲ့ လုပ်ငန်းရှင်လေးဦးနဲ့ဦးလှမင်း၊ဒေါ်တင်ရီတို့ပါ ပူးပေါင်းပြီးညစ်ပတ်တဲ့ နည်းနဲ့ ကျုပ်တို့ကို တစ်ပတ်ရိုက်သွားကြတာဗျ .. ဒါတင်မကသေးဘူး ဗဟိုကော်မတီအစည်းအဝေးရဲ့ ကြေငြာချက် အမိန့်ကိုလည်းဦးလှမင်းရောဒေါ်တင်ရီပါ ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ကြတာပဲဗျ။  .. ဒီလိုချိုးဖောက် ရဲတဲ့နောက်ကွယ်တွန်းအားကဘာလဲ? .. ကျွန်တော်ကြားရတဲ့သတင်းသာမှန်ရင် ဒီကောင်တွေ ကဦးလှမင်းနဲ့ ဒေါ်တင်ရီကို ငွေနဲ့သိမ်းသွင်းပြီး လုပ်ပိုင်ခွင့်တွေကို ၀ယ်ယူလိုက်ကြတာပဲလို့ ကျွန်တော်အနေနဲ့သုံးသပ် ပါတယ်။
စစ်အစိုးရရဲ့ ဖိနှိပ်မှုကာလတစ်လျှောက်လုံးထောင်မကြောက်၊ တန်းမကြောက်၊ အာဏာပိုင်တွေကို မကြောက် ဘဲ လှုပ်ရှားလာခဲ့တဲ့ ရဲရဲတောက် ကေဒါကြီးများသည် ယခုပါတီပြန်လည်မှတ်ပုံတင်ပြီးနောက် လမ်းဘေး မြောင်း ထဲရောက်နေပြီဖြစ်ကြောင်းကိုလည်း NLD အဖွဲ့ဝင်လုပ်ငန်းရှင်တစ်ဦးက ၀မ်းနည်းပက်လက်ရင်ဖွင့် သွားကြောင်းပါဗျား ..

Sunday, February 5, 2012

ကျွန်းစုမြို့နယ်လွတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်၍ ဦးစိုးလွင်နှင့်ဆက်သွယ်မေးမြန်းချက်

          ကျွန်းစုမြို့နယ်လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီနဲ့ ပတ်သက်လို့သဘောထားအမြင်ကို မြိတ်မြို့နယ် NLD ဥက္ကဌဦးစိုးလွင်အား တယ်လီဖုန်းဆက်သွယ်မေးမြန်းကြည့်ရာ ဦးစိုးလွင်က ယခုလိုပြောပါသည်။
     ဒေါ်တင်ရီနဲ့ပတ်သက်လို့ကတော့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်အနေနဲ့ ထင်မြင်ချက်မပေးလိုပါဘူး .. သူ လည်း နိုင်ငံရေး လုပ်လို့ ထောင်ထဲမှာ (၁၀)နှစ်နီးပါးဒုက္ခခံလာရတာပဲ .. ထောင်ထဲကထွက်လာပြီးတဲ့ နောက်ပိုင်း နိုင်ငံရေးနဲ့အဆက်ပြတ်သွားတာကတော့တစ်ပိုင်းပေါ့ဗျာ .. ဟုတ်ပါတယ် ဒေါ်တင်ရီကို လူငယ် တစ်စုက ဆန္ဒပြကြတယ် ဆိုတာ မှန်ပါတယ် .. ဒီအကြောင်းကိုအောင်စိုးက မဇ္ဈိမသတင်းဌာန ကိုရှင်းပြ ခဲ့ပြီးပြီပဲ .. ခင်ဗျားတို့ဖတ်ရသလားတော့မသိဘူး .. လွတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ထိုက်တန် သလား မထိုက်တန်ဘူးလား ဆိုတာကတော့ သူ့ကိုယ်သူအသိဆုံးဖြစ်ပါလိမ့်မယ် .. လွတ်တော်ထဲရောက်ရင် ပြည်သူတွေအတွက်သူဘယ်လောက်အထိပြောနိုင်သလဲဆိုတာကို ကြည့်ပြီးဆုံးဖြတ်ရမှာပေါ့ဗျာ .. သိပ်စိုး ရိမ်စရာတော့မရှိပါဘူး .. အခုကြားဖြတ်ရွေးကောက်ပွဲများပြည်သူတွေတစ်ကယ်တမ်းမဲပေးမှာက ဒေါ်စုနဲ့ NLD ပါတီပဲလေ .. ကျွန်တော်ကတော့ကြားဖြတ်ရွေးကောက်ပွဲခရိုင်တာဝန်ခံတစ်ယောက်အနေနဲ့ ဒေါ်စုနဲ့ ပါတီမျက်နှာကိုကြည့်ပြိး ကျွန်းစုမြို့နယ် NLD မဲအပြတ်သတ်နိုင်အောင် ကြိုးစားရမှာပေါ့ဗျာ .. ဒါကတော့ အပြောင်းအလဲကာလမှာဖြစ်တတ်တဲ့သဘောတရားတစ်ခုလို့ပြောရမှာပေါ့ဗျာ .. နှစ်အုပ်စုကွဲသွားတယ်လို့ တော့မဟုတ်သေးပါဘူး .. ပါတီအသစ်အတွက်ပြန်ပြီးမှတ်ပုံတင်တယ် .. ပါတီဟောင်းကိုဖျက်သိမ်းတယ် အဲဒီတော့ပါတီဟောင်းကလူတွေလည်း ဘာကောင်မှမဟုတ်တော့ဘူးလို့ အဲဒီစကားကိုဦးလှမင်းကယူလာ တယ် .. အဲဒီတော့ကျွန်တော်လည်းဘာမှမဟုတ်တော့ဘူး .. ပြောတဲ့သူလည်းဘာမှမဟုတ်တော့ဘူးပေါ့ဗျာ .. ခင်ဗျားခုနက ပြောတဲ့ဘုရားပြီးလို့ငြမ်းဖျက်တယ်ဆိုတာကိုတော့လက်ခံပါတယ်ဗျာ .. ကျွန်တော်တို့တစ်တွေလည်း NLD စတင်အုပ်မြစ်ချကတည်းက အောက်ဆုံးကလူတစ်ကာ အနင်းခံရတဲ့ငြမ်း ပဲပေါ့ဗျာ .. ဒါပေမယ့်အဲဒီအဆောက်အအုံကြိးကမပြီးသေးဘူး .. အဆောက်အအုံမပြီးသေးခင်ဂေါပကလုပ် ချင်သူတွေ၊ အလှူခံစားပွဲမှာထိုင်ချင်တဲ့သူတွေ၊ မိုက်ကလေးကိုင်ပြီး "ငါကွ" လို့တရားတက်ဟောချင်ကြတဲ့ သူတွေ .. အဲလိုလူမျိုးတွေများနေရင်တော့ တစ်ကယ်အောက်ခြေအလုပ်သမားတွေ ဘေးထွက်သွားမှာကို တော့ စိုးရိမ်ရတာပေါ့ဗျာ ..
     အဖွဲ့ဝင်သစ်တွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်တောင်းခံရာမှာတော့သူကခုလိုမျိုးပြောပါတယ်။
 NLD တရားဝင်မှတ်ပုံတင်ပြီးတဲ့နောက်အဖွဲ့ဝင်သစ်တွေ အများအပြားဝင်လာတာကို ကျွန်တော့်အနေနဲ့ ၀မ်းသာပါတယ် .. ကြိုလဲကြိုဆိုပါတယ်ပေါ့ဗျာ .. ဒါပေမယ့်တစ်ခုသတိထားရမှာက သူတို့နောက်ကွယ်က ရည်ရွယ်ချက်ပေါ့ဗျာ .. ဘာရည်ရွယ်ချက်နဲ့ဝင်လာသလဲ? ကိုယ့်တိုင်းပြည်၊ပြည်သူလူထုနဲ့ NLD ကို တစ် ကယ်အကျိုးပြုချင်လို့လား၊ ဒါမှမဟုတ်နေရာကလေး၊အခွင့်အရေးလေးပေါ့ဗျာ .. အဲတာတွေ လိုချင်လို့ ၀င် လာတာလား၊ ဒါမှမဟုတ်ပါတီဖြိုခွဲဖို့နာမည်ပျက်အောင် မဟုတ်တာတွေ လုပ်ဖို့ဝင်လာသလား အဲဒါတွေ ကိုတော့ ကျွန်တော်တို့အင်မတန်သတိထားပြီးတော့စောင့်ကြည့်ရမှာပေါ့ဗျာ .. နောက်တစ်ခုက တစ်ဖက် ပါတီက ဘက်ပြောင်းဝင်ရောက်လာတာမျိုး .. တစ်ကယ်အမြင်မှန်ရလို့ဝင်လာတာလား .. အဲဒါတွေ ကိုရော ပေါ့ဗျာ ..
          ဟုတ်ကဲ့ ဒါလောက်ဆိုရင်ကျေနပ်ပါပြီ .. ဦးစိုးလွင်ခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျား ..
          ဟုတ်ကဲ့ပါ .. ကျွန်တော်လည်း ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။     ။



Tuesday, January 31, 2012

မကျေနပ်ချက်ကို ဆန္ဒပြသော NLD လူငယ်များ အရိုက်ခံရ

     ``မြိတ်မြို့ NLD ပါတီရုံးရှေ့တွင် မီးရှို့ဆန္ဒပြ´´ ဟူသော သတင်းကို မြိတ်ပုလဲမြေဘလောဂ် ၌ တွေ့ရ၍ 
အဖြစ်မှန်ကို စုံစမ်းကြည့်ရာ ၎င်းညက ဆန္ဒပြသူလူငယ်နှစ်ဦးနှင့် တွေ့၍ယခုလိုပြောပါသည်။ ``ဇန်န၀ါရီလ (23) ရက် ည(12း00) အချိန်မှာ ကျွန်တော်တို့(၄)ဦးသွားပြီး ဆန္ဒပြတောင်းဆိုခဲကြတယ်။ ရုံးပေါ်မှာ အိပ်နေတဲ့ လူကြီးတွေ ဖြစ်ကြတဲ့ တိုင်းဥက္ကဋ္ဌဦးလှမင်းနဲ့ တိုင်းအတွင်းရေးမှူးကိုအောင်စိုးတို့ကို အမှန်အတိုင်း သိစေချင် တာက အဓိကပေါ့ဗျာ .... ကျွန်တော်တို့ကအချက်လေးချက်ကို လူကြီးတွေသိအောင် တောင်းဆိုခဲ့ကြတယ်။
(၁) ပိုက်ဆံမရှိရင် နိုင်ငံရေးလုပ်မရတော့ဘူးလား
(၂) ကြံ့ဖွံ့အသွင်ပြောင်းလာတဲ့ (၄)ဦးကို ကျွန်တော်တို့ခေါင်းဆောင်တင်ရမှာလား
(၃) အဲဒါကို လူကြီးတွေသိရက်နဲ့ဘာကြောင့် မဖြေရှင်းရတာလဲ
(၄) နိုင်ငံရေးမှာ အမာခံဆိုတာ ပိုက်ဆံထည့်နိုင်မှလား - ဆိုပြီးကျွန်တော်တို့ အော်ဟစ်တောင်းဆိုကြတယ်။
     အဲဒါကို ရုံးပေါ်မှာအိပ်နေတဲ့ ကိုအောင်စိုးကြားတယ်။ သူက တံခါးဖွင့်ပြီးတော့တောင် ကြည့်လိုက်သေး တယ်။ သူတို့ရေးသလို (၁၀) ယောက်တော့မဟုတ်ဘူး ကျွန်တော်တို့(၄)ယောက်ထဲပါ။ ဒေါ်စုပုံပါတဲ့ အင်္ကျီ - ခွပ်ဒေါင်းအင်္ကျီမီးရှို့တယ်ဆိုတာလည်း မဟုတ်ဘူးဗျ .. ခွပ်ဒေါင်းပုံအင်္ကျီကို ဆွဲချွတ်ပြီး လမ်းမပေါ်ပစ်ချလိုက် တာတော့မှန်တယ်။ ဒီခွပ်ဒေါင်းအင်္ကျီက ဗဟိုကထုတ်တဲ့အင်္ကျီမဟုတ်ဘူး .. သူတို့ အသစ်ဝင်လာတဲ့ လုပ်စား အုပ်စုက ထုတ်ထားတဲ့ အင်္ကျီဗျ ... အထည် (၂၀၀၀)တောင်ရိုက်ပြီး ရပ်ကွက်ထဲ တစ်ထည်သုံထောင်နဲ့ လျှောက်ရောင်းနေတာ လူတိုင်းသိတယ်။ ပြီးတော့ သူတို့ဘာသာသူတို့ထွင်ပြီး ထုတ်ထားတဲ့ ရင်ထိုးတံဆိပ် တွေကိုလည်း လျှောက်ရောင်းနေတယ် .. အဲဒါတွေကို မကြေနပ်တာလည်းပါတယ် ... ကျုပ်တို့တောင်းဆို နေတုန်း ကိုဖြိုးက အိမ်ထဲကထွက်လာပြီး အပြင်ထွက်သွားတယ် .. ပြီးတော့ သိပ်မကြာခင် လူတစ်ဆယ် လောက်ဆိုင်ကယ်နဲ့ ရောက်လာပြီး ကျွန်တော်တို့ကို ၀ိုင်းရိုက်ကြလို့ ကျွန်တော်တို့ဆိုင်ကယ်တွေကို ထားပစ် ခဲ့ပြီး ထွက်ပြေး လာခဲ့ရတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ကျွန်တော်တို့ NLD ထဲမှာ လုံးဝ မရှိခဲ့ပါဘူး .. ဒီလုပ်ရပ် ဟာကြံ့ဖွံ့နဲ့စွမ်းအားရှင်တို့ရဲ့လုပ်နေကြ လုပ်ရပ်တွေသာဖြစ်တယ် ... ကျွန်တော်တို့ NLD တွေက မကြေနပ် ရင် ရဲရဲဝံ့ဝံ့ပြောပြီး ဆန္ဒပြကြမှာပဲ .. တကယ့် NLD ရိုးမှန်ရင် ရင်ဆိုင်ဖြေရှင်းရဲရမှာပါ့ .. ခုလို ခိုးကြောင် ခိုးဝှက်လာရိုက်စရာ မလိုပါဘူး ... ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ NLD လူငယ်တစ်ဦးက ပြောပါသည်။
တနင်္ဂနွေသား