Friday, February 10, 2012

မြိတ် NLD ရုံးဖွင့်ပွဲနှင့် တစ်ပတ်ရိုက်ခံရသော ကေဒါကြီးများ

21.1.2012 စနေနေ့ နေ့စွဲနှင့်မြိတ် NLD ရုံးဖွင့်ပွဲဖိတ်ကြားစာရလို့ ဖွင့်ပွဲအခမ်းအနားကို ကျွန်တော် ရောက် သွားတယ်။ ရာက်သွားပြီးသိပ်မကြာခင် နံနက် 8.30 မှာ၎င်းရုံးကိုအောင်မြင်စွာဖွင့်လှစ်လိုက်သော်လည်း လက်ရှိဦးဆောင်လှုပ်ရှားနေသူများ၏အခဏ်းကဏ္ဍနှင့်နာမည်ကြေငြာသံမကြားရသဖြင့် အကျိုးအကြောင်း စုံစမ်းကြည့်ရာ ၄င်းတို့မြို့နယ်စည်းတစ်ဖွဲ့လုံးနီးပါးကို တိုင်းဥက္ကဌဦးလှမင်း၊ လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီနှင့် အသစ်ဝင်လာသောငွေကြေးတတ်နိုင်သူအုပ်စုတို့ပူးပေါင်းတစ်ပတ်ရိုက်တာခံလိုက်ရကြောင်း NLD အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါသည်။ ဇန်န၀ါရီလ (၁၀)ရက်နေ့ ရက်စွဲနဲ့ ဗဟိုကချပေးလိုက်တဲ့ ကြေငြာ ချက် ၃/၀၁/၀၂ ကို မြို့နယ်စည်းလက်ထဲ (၂၀)ရက်နေ့ညကမှ ရောက်တယ်။ စာကထားဝယ် ရောက်နေတဲ့ ဦးလှမင်းလက်ထဲမှာ သောင်တင်နေတယ်။ (၂၁)ရက်ရုံးဖွင့်မဲ့အာဂျင်ဒါကိုလည်း ကျွန်တော်တို့ကိုအသိမပေး ဘဲဆွဲခဲ့တယ်။ကြေငြာချက်မှာရေးထားတာက လွတ်တော်ကိုယ်စားလှယ်လောင်း လစ်လပ်ခြင်းမရှိတဲ့ မြို့နယ်တွေမှာ မြို့နယ်စည်းအဖွဲ့ကဦးဆောင်ပြီး (ရုံး)ကိုဖွင့်လှစ်ရမှာဖြစ်ပြိးကိုယ်စားလှယ်လောင်း လစ်လပ်နေ တဲ့မြို့နယ်တွေမှာတော့မဲအောင်နိုင်ရေးအဖွဲ့ကဦးဆောင်ပြီးဖွင့်လှစ်ရမယ်လို့ရေးထားတယ်။ ခုမြိတ်မြို့နယ်က လစ်လပ်တဲ့နေရာမဟုတ်တော့မြို့နယ်စည်းအဖွဲ့ကဦးဆောင်ပြီးဖွင့်လှစ်ရမှာ ပေါ့ဗျာ။ ခုဟာကခင်ဗျား မြင်တဲ့ အတိုင်းပဲ .. အသစ်ဝင်လာတဲ့ လုပ်ငန်းရှင်လေးဦးနဲ့ဦးလှမင်း၊ဒေါ်တင်ရီတို့ပါ ပူးပေါင်းပြီးညစ်ပတ်တဲ့ နည်းနဲ့ ကျုပ်တို့ကို တစ်ပတ်ရိုက်သွားကြတာဗျ .. ဒါတင်မကသေးဘူး ဗဟိုကော်မတီအစည်းအဝေးရဲ့ ကြေငြာချက် အမိန့်ကိုလည်းဦးလှမင်းရောဒေါ်တင်ရီပါ ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ကြတာပဲဗျ။  .. ဒီလိုချိုးဖောက် ရဲတဲ့နောက်ကွယ်တွန်းအားကဘာလဲ? .. ကျွန်တော်ကြားရတဲ့သတင်းသာမှန်ရင် ဒီကောင်တွေ ကဦးလှမင်းနဲ့ ဒေါ်တင်ရီကို ငွေနဲ့သိမ်းသွင်းပြီး လုပ်ပိုင်ခွင့်တွေကို ၀ယ်ယူလိုက်ကြတာပဲလို့ ကျွန်တော်အနေနဲ့သုံးသပ် ပါတယ်။
စစ်အစိုးရရဲ့ ဖိနှိပ်မှုကာလတစ်လျှောက်လုံးထောင်မကြောက်၊ တန်းမကြောက်၊ အာဏာပိုင်တွေကို မကြောက် ဘဲ လှုပ်ရှားလာခဲ့တဲ့ ရဲရဲတောက် ကေဒါကြီးများသည် ယခုပါတီပြန်လည်မှတ်ပုံတင်ပြီးနောက် လမ်းဘေး မြောင်း ထဲရောက်နေပြီဖြစ်ကြောင်းကိုလည်း NLD အဖွဲ့ဝင်လုပ်ငန်းရှင်တစ်ဦးက ၀မ်းနည်းပက်လက်ရင်ဖွင့် သွားကြောင်းပါဗျား ..

No comments:

Post a Comment